Skip to main content

Posts

Showing posts with the label 7days

ထိပ်တန်းလျှို့ဝှက်ကိစ္စကြီး

ဆရာကြီးမင်းသိင်္ခရဲ့ စာတွေလိုအစပျိုးရရင်တော့ မြန်မာပြည် မြေလတ်ပိုင်းရှိ ရွာကြီးတစ်ရွာတွင်ပေါ့ဗျာ။ အဲဒီရွာမှာ ရိုးသားကြိုးစားတဲ့ လူငယ်လေးတစ်ယောက်က ပညာကိုလည်း ကြိုးစားပြီး ရပ်ရေးရွာရေးဆောင်ရွက်ရင်းနဲ့ အားလုံးကြိုက်တဲ့ ခေါင်းဆောင်တစ်ယောက်ဖြစ်လာခဲ့ပါတယ်။ ရွာရဲ့ သူကြီးပေါ့ဗျာ။ ပြဿနာက သူ ခေါင်းဆောင်ဖြစ်တာမဟုတ်ပါဘူး။ သူကွယ်လွန်သွားပြီးတဲ့နောက်မှာ သူ့ရဲ့သားတော်မောင်က ဆက်ပြီး သူကြီးဖြစ်သွားတဲ့ကိစ္စပါ။ တချို့က မကြိုက်ကြသလို တချို့ကျတော့လည်း အားကိုးစရာမှမရှိတာ သူသာလျှင် မျိုးရိုးကောင်းပြီးတော့ စုမိဆောင်းမိလေးတွေလည်း ရှိတော့ ရပ်ရွာအတွက် အချိန်ပေးနိုင်တယ်ဆိုပြီး သဘောကျကြတယ်။ ဒီလိုနဲ့ နေနေကျတာ ပြဿနာ အထူးအထွေရယ်လို့မဖြစ်သေးပါဘူး။ တစ်နေ့ မတိုင်ခင်အထိပေါ့လေ။ ပြဿနာတွေ စလာတဲ့ တစ်နေ့မတိုင်ခင်ထိတော့ ပြဿနာရယ်လို့ မရှိသေးပါဘူး။ ပြဿနာရဲ့အစမှာတော့ အရင်ကတည်းက တိုးတိုးတိတ်တိတ်ကြားနေခဲ့ဖူးတဲ့ သတင်းလေးက တဖြည်းဖြည်းကျယ်လာတာကနေပြီးတော့ နောက်ဆုံးမှာ ပေါက်ကွဲထွက်သွားရာကနေ အစပြုတော့တာပါပဲ။ တချို့ကျတော့လည်း ပုပ်လို့ပေါ် ဟုတ်လို့ကျော်ပါပေတယ် ကောင်းချီးပေးကြတာပေါ့ဗျာ။ တချို့ကျတော့လည်း ဒါကြီးကိုတော့ဖြင့် မပြောသင့်ပါဘူ...

Popular posts from this blog

Privacy policy

Privacy Policy Kayen Thit Ein built the ခရမ်းသစ်အိမ် စာအုပ်များ app as a Free app. This SERVICE is provided by Kayen Thit Ein at no cost and is intended for use as is. This page is used to inform visitors regarding my policies with the collection, use, and disclosure of Personal Information if anyone decided to use my Service. If you choose to use my Service, then you agree to the collection and use of information in relation to this policy. The Personal Information that I collect is used for providing and improving the Service. I will not use or share your information with anyone except as described in this Privacy Policy. The terms used in this Privacy Policy have the same meanings as in our Terms and Conditions, which are accessible at Rango unless otherwise defined in this Privacy Policy. Information Collection and Use For a better experience, while using our Service, I may require you to provide us with certain personally identifiable information, including but not limited to andr...

ဒွန်ကွီဟိုတေး ဘာသာပြန်အကြောင်း

၂၀၁၀ နဲ့ ၁၁ မှာ နတ်ရေကန်ဆိုတဲ့ နာမည်လှလှနဲ့ တောထဲမှာ တနှစ်လောက်နေခဲ့ဖူးတယ်။ မီးမရ ဖုန်းမရ ရွာတွေနဲ့တောင် အလှမ်းဝေးတဲ့ လက်ဖက်စိုက်ခင်းပေါ့။ ဘဘဗိုလ်ချုပ်ကြီးရဲ့ ရွှေဉာဏ်တော် စူးရောက်စွာနဲ့ လက်ဖက်စိုက်ခိုင်းတဲ့ ဒေသမှာ သစ်ကုမ္ပဏီတွေပေါင်းပြီး စိုက်ပြတဲ့နေရာပဲ။ မကွေးတိုင်းထဲမှာ ရှိပြီးတော့ ရခိုင်နဲ့နယ်စပ်၊ အနားမှာ နေကြတဲ့ရွာတွေက ချင်းရွာတွေဆိုတာက အဲဒီတုန်းက ကျနော့်အတွက် အတော်လေးကို ဆက်စပ်ကြည့်ခဲ့ရတဲ့အရာတွေပဲ။ အမှတ်တရရှိခဲ့ရတာတွေထဲကတချို့ကတော့ ခင်စရာကောင်းတဲ့သူတွေနဲ့ ခေါင်းကြီး ငါးလက်မလောက်ကွဲနေတာကို တစက်ကလေးမှ မငိုတဲ့ ကလေးပေါက်စကို ချုပ်ပေးခဲ့ရတာတွေပဲ။ မိုးရွာပြီဆိုရင်လည်း သည်းကြီးမည်းကြီးကို အကြာကြီးရွာနေတာက အထူးအဆန်းပဲ။ အဲဒီလိုနေရာမှာ ကျန်းကျန်းမာမာနဲ့အလုပ်လာလုပ်ကြတဲ့သူတွေချည်းပဲ တရာလောင်လေးပဲရှိတာကို ဆေးခန်းထိုင်ပေးရတာဆိုတော့ အချိန်တွေက အပိုချည်းပဲလို့ ပြောလို့ရတယ်။ အဲဒါနဲ့ပဲ ဘာသာပြန်ကြည့်မယ် အင်္ဂလိပ်စာလည်း တိုးတက်တာပေါ့ဆိုပြီး စစမ်းကြည့်တယ်။ ပထမဆုံးကတော့ ရှားရှားပါးပါးရထားတဲ့ စာအုပ်လေးတအုပ်ကို ပြန်ကြည့်တာပဲ။ အဆုံးမသတ်ပါဘူး။ ဝတ္ထုကလည်း နာမည်ကြီးမဟုတ်ဘဲ အပျော်ဖတ်မျိုးမျိုးသာသာပဲဖြစ်မယ် ထ...

ကျောင်းခေါင်မိုးက ဝင်လာတဲ့ နေပြောက်တွေ

  ဟိုမှာပေါ့ ခေါင်မိုးပေါက်က နေပြောက်လေး။ ကျွန်တော် မင်သက်ပြီး ငေးမောနေမိတယ်။ ဒါဟာ ဘုရားသခင်က လှမ်းထိုးလိုက်တဲ့ မီးရောင်လေးပဲလားမသိ၊ ကျွန်တော်တို့ ကြောင်တွေလို လိုက်ပြေးဖမ်းမိကြတော့မယ်လေ။ ဒါမှမဟုတ်လည်း နေပြောက်ကို ကောက်စားဖို့လုပ်နေတဲ့ ကြက်မတစ်ကောင်ပေါ့။ ကျွန်တော် ငယ်ငယ်တုန်းကလို ပြေးဖမ်းလိုက်ချင်မိသေးတယ်။ အဲဒီအထဲမှာ ပြန်မတွေ့ဖြစ်တော့တဲ့ သူငယ်ချင်းတွေနဲ့ နေ့ရက်အဟောင်းတွေလည်း ပါနေတယ်လို့ ကျွန်တော့်မသိစိတ်က တိုးတိုးတိတ်တိတ်လာပြောပြနေတယ်။ ဒါဟာ ကျွန်တော်တို့ လိုက်ပြီးဖမ်းခဲ့ဖူးတဲ့ နုပျိုသော နေရောင်ခြည်တွေပဲပေါ့။  တဖြည်းဖြည်းလား ရုတ်တရက်လားမသိလိုက်နိုင်တဲ့ အချိန်အတိုင်းအတာကာလလေးတစ်ခုမှာ အဲဒီနေပြောက်ကလေးက သူ့ကိုယ်သူ ချဲ့ကားပစ်လိုက်ပုံမျိုးပဲ။ ခေါင်မိုးပေါက်က ခုန်ဆင်းရောက်လာတယ်။ ဒါဟာ ကြီးရင့်သွားပြီဖြစ်တဲ့ နေရောင်ခြည်တွေဖြစ်မှာပေါ့။ ကျွန်တော့် သူငယ်ချင်းတစ်ယောက်ယောက်တော့ ပါလာမယ်လေ။  ချဲ့ကားလာတဲ့နေရောင်ကြီးအောက်မှာ ပိုပြီးသေးငယ်သွားရတဲ့ ကျွန်တော်တို့ဘဝတွေပေါ့။ ကျွန်တော် ရယ်လိုက်မိသေးလားမသိလိုက်ဘူး။ ဒါပေမဲ့ ကျွန်တော့်စိတ်တွေက နှစ်အစိတ်လောက်က ကျောင်းဆောင်ကြီးထဲမှာ စာတွေအော်ဆိုနေမိပ...