ပြတိုက်လို့ ဆိုရလိုက်ရင် ရှေးဟောင်းရှားပါးပစ္စည်းတွေနဲ့ နာမည်ကျော်ပုဂ္ဂိုလ်တွေနဲ့ ပတ်သတ်တာမျိုးလို့ ထင်ထားခဲ့မိတယ်။
ပြောင်းရွှေ့အခြေချနေထိုင်မှုနဲ့ပတ်သက်တဲ့ ပြတိုက်ကို ကျောင်းကအစီအစဉ်နဲ့ရောက်တော့မှပဲ အဲဒီအတွေးက ဖတ်ခနဲ ကျွတ်ကျသွားရတယ်။ သာမာန်လူတွေရဲ့ သာမာန်ပစ္စည်းလေးတချို့ကို ပြထားတဲ့အထပ်တခုလည်းရှိနေတယ်။
ပြတိုက်က ကိုလိုနီပြုကျင့်ခြင်းကနေ ငြိမ်းချမ်းရေးနဲ့ တိုးတက်မှုကိုဆောင်ကျဉ်းပေးခဲ့တယ်လို့ ဖြန့်ဝေမှုမျိုးနဲ့ ဆောက်ခဲ့ပေမယ့် ခေတ်တွေကြာတော့ ပြောင်းသွားခဲ့တယ်။
ရှက်ရွံ့မိပေမယ့် ရှိခဲ့တဲ့သမိုင်းတခုပေါ့လို့ သုံးနှုန်းသွားခဲ့တယ်။ ဖျောက်ဖျက်ပစ်တာမျိုးထက် အမှားကိုပြန်ဖွင့်ပြထားတယ်။
ပထမဆုံးစတွေ့တာကတော့ ပန်းရန်ဆရာတွေကိုင်တဲ့ သန်လျက်တချောင်းနဲ့ ဆင်းဂါးအပ်ချုပ်စက်တလုံး။
ကိုယ်နဲ့လုံးဝမစိမ်းနေတဲ့အရာပေမယ့် ပြတိုက်ထဲမှာ တခမ်းတနားကြီး မြင်လိုက်ရတယ်။ အီတလီကပြောင်းရွှေ့လာပြီးတော့ အဆောက်အဦတွေ အများကြိ်းဆောက်ပေးခဲ့တဲ့ ပန်းရန်ဆရာတယောက်ရဲ့ သန်လျက်တဲ့။
ပြီးတဲ့ တနယ်တကျေးကလာပြီး ဘောလုံးကန်ခွင့်ရဖို့ အားထုတ်ခဲ့ရသူတဦးရဲ့ဘောကန်ဖိနပ်လေးတရံ။ စစ်ထဲမှာပါသွားပြီး ဂျာမာန်လက်မှာ အဖမ်းခံရတဲ့ ဂျူးတယောက်ဆီကို သူ့သားလေးက ဂျာမာန်တွေလက်မှာ သားအမိနှစ်ယောက် အဖမ်းမခံရ မကွပ်မျက်ခံရခင် နောက်ဆုံးပို့လိုက်နိုင်တဲ့ စာတစောင်နဲ့ ပို့စကတ်။
သူ့ကိုတော့ ဂျူးပေမယ့် စစ်သုံ့ပန်းဖြစ်တဲ့အတွက် ဂျီနီဗာကွန်ဗန်းရှင်းအတိုင်းပဲ ဖမ်းရုံပဲလုပ်ခဲ့တော့ နောက်ပိုင်းမှာ အသက်ရှင်လျက် ပြန်လွတ်မြောက်ခဲ့တယ်။
တိုင်းတပါးကနေလာတုန်းမှာ ကားကြုံတားစီးရင်းကနေ မြင်မြင်ချင်းချစ်သွားကြတာလည်း မှတ်တမ်းတင်ထားခဲ့တယ်။ နောက်ပိုင်းမှာ ကြိုးဖုန်းနဲ့ သူတို့ရဲ့မျိုးဆက်သစ်ကို လှမ်းပြောတော့ အဝေးကြီးမှာမလို့ မကြားမှာစိုးလို့ အော်ပြောတဲ့ဇာတ်လမ်းတွေနဲ့ သုံးခဲ့ဖူးတဲ့ ဖုန်းငွေထည့်ရတဲ့ကဒ်လေးတွေကလည်း ကျန်ရစ်ခဲ့ပြီ။
မြေထဲပင်လယ်ထဲမှာ ရွှေ့ပောင်းအခြေချသူတွေထဲကရေနစ်သေဆုံးရတော့မယ့် လူပေါင်းသုံးသောင်းကျော်ကို အသက်ကယ်ခဲ့ဖူးတဲ့ Aquarius သင်္ဘောနဲ့ သူ့ရဲ့ဇာတ်လမ်းလေး တချို့တလေ။
ပြီးတော့ အဲဒီအခြေချနေထိုင်သူတွေကနေ နိုင်ငံအတွက်လုပ်ပေးနိုင်ခဲ့တာတွေ ဘယ်လောက်များလဲဆိုတာကို ပုံတွေ စာတွေ ပစ္စည်းလေးတွေနဲ့ ဆင်ယင်ထားတယ်။ နိုဘယ်လ်နှစ်ထပ်ကွမ်းဆုရှင် မာရီကျူရီတောင် ပါလိုက်သေးတယ်။ သူက ပိုလန်ကနေ ပြင်သစ်ရောက်လာတယ်။ အဲလို အဲလိုပဲ အကျိုးပြုကြသူတွေအကြောင်းတွေ။
အထူးပြခန်းအနေနဲ့ ရွှေ့ပြောင်းအခြေချလာကြသူတွေကြောင့် ဂီတပုံစံတွေ ဘယ်လိုပြောင်းလဲတိုးတက်လာလဲ မြင်သာစေခဲ့တယ်။
နောက်ဆုံးအနေနဲ့ ကြည့်ခဲ့ရတာကတော့ ဗီဒီယိုလေးသုံးခုကို တပိုင်တည်း ပြထားခဲ့တာ။ ပထမမျိုးဆက်က အာရပ်ဒေသမှာမွေးတာမလို့ အာရပ်စကားနဲ့ပြောပြီး ဒုတိယမျိုးဆက်ကတော့ ပြင်သစ်မှာမွေးလို့ ပြင်သစ်လိုပြောနေတဲ့ ပထမဗီဒီယို။ ဒုတိယဗီဒီယိုမှာတော့ ဒုတိယမျိုးဆက်က ပြင်သစ်လိုပြောပြီး တတိယမျိုးဆက်က အင်္ဂလိပ်လိုပြောနေတယ်။ မတူတဲ့ ဘာသာစကားတွေပေမယ့် သူတို့သားအမိတွေ ကောင်းကောင်းနားလည်နေကြတယ်။ တတိယဗီဒီယိုထဲက အာရပ်စကားပြောအဖွားနဲ့ အင်္ဂလိပ်စကားပြောမြေးတွေမှာသာ နားမလည်နိုင်ကြတော့အဖြစ်။ အနုပညာရှင်က သူ့အမေ၊ သူနဲ့ သူ့သမီးကြားက အဖြစ်အပျက်လေးကို မိခင်ဘာသာစကားလို့ နာမည်ပေး မှတ်တမ်းတင်ထားတယ်။
ရွှေ့ပြောင်းအခြေချသူအရေးဟာ အသစ်မဟုတ်ပေမယ့် ကြီးမားလာတဲ့အခါမှာ ကိုယ့်နိုင်ငံသားမှလို့ ဖက်တွယ်ထားချင်စိတ်တွေနဲ့ နစ်မွန်းမနေဖို့ ပြင်ဆင်ခြေလှမ်းထားတာပဲ။ ကလေးငယ်လေးတွေ အုပ်လိုက် အုပ်လိုက် ဆရာတွေ၊ မိဘတွေကဦးဆောင်လို့ လာနေကြတာလည်း အားကျစရာ။
ငါတို့ကော ဘာတွေပြင်ဆင်ထားကြလဲလို့ မေးမိတယ်။ ကိုယ့်နိုင်ငံသားအချင်းချင်းမှာတောင်မှ တိုင်းရင်းသားမလို့ ဘာသာမတူလို့ တိုင်းရင်းသားမဟုတ်လို့ဆိုတဲ့ အသံတွေ။
http://www.newmedia-art.org/cgi-bin/show-oeu.asp?ID=150000000045306&lg=GBR

Comments
Post a Comment