သူက စီးကရက်တစ်လိပ်ကို မီးညှိလိုက်တယ်။ သူ့ရှေ့ကလက်ဖက်ရည်အေးစက်စက်ကိုလည်း ကုန်အောင် မသောက်သေးဘူး။ ကျွန်တော့်လက်ဖက်ရည်က ကုန်နေပြီ။ ကျွန်တော်က ပြန်ချင်နေပြီ။ ဒီဆိုင်မှာဆက်မထိုင်ချင် တော့ဘူး။ ယင်ကောင်တွေကလည်း ခွက်တွေပေါ်နားလိုက်၊ ခုံတွေပေါ်နားလိုက်။ ခြေထောက်ပေါ်လာနားရင်တော့ ရွ့စိ ရွစိနဲ့ နေရခက်တယ်။ ရွံကလည်းရွံတော့ ခြေထောက် ခါလိုက်လှုပ်လိုက်နဲ့ ယင်မောင်းနေရတယ်။ သူကတော့ သူ့ခြေမ မှာ ယင်ကောင်နှစ်ကောင်နားနေတာတောင်မှ ဘာခံစားမှုမှမရှိတဲ့ပုံပဲ။ သူ့ကိုကြည့်ပြီးတော့ အူတွေယားလာတယ်။ ဒါ ပေမယ့်လည်း ကျွန်တော့်ခြေထောက်ပေါ်ကယင်ကိုမောင်းဖို့တော့ နည်းနည်းတွန့်သွားပြီ။ သိပ်သန့်နေတယ်ပေါ့လေ ဆိုတဲ့ သရော်တော်တော်အကြည့်မျိုးနဲ့ကြည့်လာမှာကို ကျွန်တော်သိပ်ကြောက်တယ်။ ကျွန်တော်ဟာ သူနဲ့အတူတူပဲ။ ဒါမှမဟုတ် သူ့လိုဖြစ်အောင်ကြိုးစားနေတယ်ဆိုတာ သူသိစေချင်တယ်။ သူက အဲဒါမျိုးဆိုကြိုက်တတ်တော့ တကယ် မလုပ်ဖြစ်ရင်တောင် သူ့ဘက်က အဲဒီလိုပဲ ထင်စေချင်တယ်။ တော်တော်တော့နေရခက်တယ်။ ခြေထောက်က ရွစိ ရွစိနဲ့ မသတီနိုင်တဲ့စိတ်က။
အာရုံပြောင်းဖို့ကြိုးစားနေရတယ်။ လမ်းမကြီးကိုငေးနေဖို့ပဲဖြစ်ဖြစ်၊ တောင်စဉ်ရေမရတွေးနေဖို့ပဲဖြစ်ဖြစ်ပေါ့။ ပြန်ချင်တဲ့စိတ်ကို ပြန်ပြီးသတိရမိလိုက်တယ်။ တကယ့်ကိုပြင်းပြင်းပြပြပြန်ချင်လာသလိုပဲ။ သူကတော့ လုံး၀ ပြန်ချင်ပုံ မရဘူး။ ပြန်ဦးမယ့်ပုံလည်း မပေါ်သေးဘူး။ အနည်းဆုံး စီးကရက်တစ်လိပ်နဲ့ လက်ဖက်ရည်သုံးငုံစာလောက် ဖြစ်ဖြစ်တော့ ကြာဦးမှာပဲ။
သူကပြန်ချင်ပုံမပေါ်လို့ ကျွန်တော့်မှာ တအားပြန်ချင်နေရတာလားလို့ တွေးမိပြီး ကြောက်လန့်သွားတယ်။ သူ့ကိုဆန့်ကျင်ချင်တဲ့စိတ်တွေများနေပြီလားလို့ ထင်မိလိုက်တော့ အပြစ်ရှိသလိုပဲ ခံစားရတယ်။ စိတ်ကိုချုပ်တည်းပြီး သူ့ကို မသိမသာလှမ်းကြည့်လိုက်မိတယ်။ ကျွန်တော့်အတွေးတွေကို သူသိနေပုံပဲ။ ကျွန်တော့်ကိုပြန်ကြည့်လိုက် တဲ့ပုံက အသံတိတ်ပြောင်းနဲ့ပစ်လိုက်တဲ့ သေနတ်ကျည်ဆံတစ်တောင့်လိုပဲ။ အယောင်ယောင်အမှားမှားနဲ့ ကုန်ပြီးသား လက်ဖက်ရည်ခွက်ကိုကောက်ပြီး မော့မိလိုက်တယ်။ ကျန်နေတဲ့အရည်သုံးလေးစက်စာလောက်နဲ့ အနည်မည်းမည်း ကြီးတွေရဲ့ အေးစက်စက်အထိအတွေ့ကြောင့် နှုတ်ခမ်းက နည်းနည်းမဲ့မိသွားတယ်။ မဲ့သွားတာကို မမြင်အောင်နဲ့ တခြားခံစားမှုတွေကိုလည်း ဖုံးမိအောင် ဘာမှမရှိတဲ့ လက်ဖက်ရည်ကိုပဲ သောက်ချပစ်လိုက်သယောင် ဟန်ဆောင် လိုက်ရတယ်။ အဲဒီတော့မှ သူကျေနပ်သွားပုံပဲ။ အငွေ့တွေကို သူ မှုတ်ထုတ်လိုက်တယ်။
တမင်တကာပဲလား၊ လေပါလို့လား မသိဘူး။ ဆေးလိပ်ငွေ့တွေက ကျွန်တော့်မျက်နှာကို အုံနဲ့ကျင်းနဲ့ လာမှန် တယ်။ ချောင်းဆိုးချင်သလို မွှန်ထူသွားပေမယ့် သူ့ကိုကြည့်မိပြီးတော့ အသက်အောင့်ထားလိုက်ရတယ်။ အငွေ့တွေ ပျောက်သွားမှပဲ တစ်ချက်မှုတ်ပြီးမှ အသက်ကို အားရပါးရ ရှူလိုက်တယ်။ ညှော်နံ့ကတော့ ရနေတုန်းပဲ။ အော်ဂလီ ဆန်စရာကောင်းတဲ့ စက္ကူညှော်နံ့လေ။ တစ်ဘက်ဝိုင်းက အငွေ့တွေကလည်း ကျွန်တော့်ဆီရောက်လာပြန်တယ်။ ကောင်းပါတယ်။ ကျွန်တော်က အဆုတ်ကင်ဆာဒိုင်ခံဖြစ်ပေးမယ့်ကောင်လေ။ ခင်ဗျားတို့ကတော့ စိတ်ကြိုက်ဖွာကြ ပေါ့။ ဒါပေမယ့်လည်း ဘာပြောရဲမှာလဲ ငြိမ်ပြီးပဲ အသက်အောင့်အောင့်နေရတာပေါ့။ ဒီကြားထဲမှ ဖုန်တွေကလည်း တထောင်းထောင်းနဲ့။
ကျွန်တော်အသက်ရှူကျပ်နေတာကို သူသတိထားမိသွားလားမသိဘူး။ အကြည့်က ရုတ်တရက်ဖြတ်သွား သလိုနဲ့ ဖျတ်ခနဲကြည့်သွားတယ်။ တစ်ခုခုကိုပြောတော့မယ့်ပုံပဲ။ နှုတ်ခမ်းတွေက လှုပ်ချင်နေတယ်။ ကျွန်တော်ထပြန် လိုက်ချင်ပေမယ့် သူပြောမယ့်စကားကို နားထောင်ဖို့နဲ့ပဲ ဘာမှမသိတဲ့ပုံမျိုးနဲ့ ဆက်ထိုင်နေရပြန်တယ်။ သူကလည်း စကားလုံးတွေကို သေသေချာချာရွေးနေတဲ့ပုံမျိုးပဲ။ စဉ်းစားနေလိုက်တာ။ ပြောမယ့်ဟာ ပြောလိုက်တာမဟုတ်ဘူး။ ဆဲနေကြစကားလုံးတွေ ကျန်နေခဲ့မှာကြောက်လို့ စဉ်းစားနေတာပဲဖြစ်မှာ။
ရေနွေးအိုးကိုယူပြီး ကုန်သွားတဲ့လက်ဖက်ရည်ခွက်ထဲ ထည့်ကျင်းနေမိတယ်။ သူ့ရေနွေးခွက်ကို အမှတ်မထင် လှမ်းကြည့်လိုက်တော့ ရေနွေးခွက်က ဂျီးတွေပေနေတယ်။ လက်မရာ မည်းမည်းကြီးကလည်း သူ့လက်ရာကြီးပဲ နေမှာပေါ့။ ကျင်းပြီးသား လက်ဖက်ရည်ခွက်ကိုသွန်မယ်အလုပ် သူ့မျက်နှာကိုသွားကြည့်မိတယ်။ သူက မျက်လုံးကြီး ပြူးပြီးကြည့်နေသလိုပဲ။ ပိုလှချည်လား xxxx ရယ်ဆိုတဲ့ သူပြောနေကြစကားကို အမူအရာနဲ့ပြနေတာပဲလေ။ အဲဒီကျင်း ထားတဲ့ရေကိုပဲ မော့သောက်ရတော့မလို တုန်တုန်ရီရီဖြစ်သွားတယ်။ ဘေးနှုတ်ခမ်းသားက လက်ဖက်ရည်တွေ ခြောက်နေတာကိုလည်း သုတ်ပစ်လိုက်ချင်ပေမယ့် ခုတော့ ဘာလုပ်ရမှန်းမသိဘူး။ ကျွန်တော့်လက်တွေက အကြော သေနေသလိုပဲ။ လှုပ်လို့မရတော့ဘူး။ ခေါင်းကိုလည်း မော်မကြည့်ရဲတော့ဘူး။ ဘာလုပ်လိုက်ရမလဲဆိုတာကိုပဲ အသေအလဲစဉ်းစားနေမိတယ်။
ရေနွေးခွက်ကို ခုံပေါ်ပြန်တင်ထားလိုက်ဖို့ပဲ စိတ်ကူးလိုက်တယ်။ ခုံပေါ်ချခါနီးမှ စိတ်က တစ်မျိုးပြောင်းသွား တယ်။ ဖြစ်ချင်ရာဖြစ်ကွာဆိုပြီး ဘေးကိုသွန်ပစ်လိုက်တယ်။ သမံတလင်းပေါ်သွန်မိတော့ ရေစက်တချို့ သူ့ခြေထောက် ကို သွားစင်တာတွေ့လိုက်ပြီး လန့်သွားမိတယ်။ ငုံ့ထားတဲ့ခေါင်းကို မော့ကြည့်လိုက်တော့ သူက ဘာမှမသိလိုက်တဲ့ပုံ ဟန်ဆောင်နေတယ်။ ပါးစပ်ကတော့ ဆဲချင်နေတာ ယားလို့ပဲနေမှာ။ လူတွေကြားထဲမှာမို့ သူထိန်းချုပ်ထားလိုက်ပုံရ တယ်။ ဒါအကွက်ပဲလို့ တွေးပြီး ပြန်ချင်ပြီလို့ပြောလိုက်တော့မယ် စဉ်းစားတယ်။ သူ့ကိုကြည့်မိလိုက်တာနဲ့ ပြောမယ့် စကားတွေပျောက်သွားတယ်။ အာစေးထည့်ခံလိုက်ရသလိုပဲ။ သူ့ဆီက တစ်ခုခုကတားဆီးဖိနှိပ် ထားသလိုမျိုးခံစားနေ ရတယ်။
ဘေးပတ်ဝန်းကျင်ကိုပဲ အကူအညီတောင်းရမလား ဝေ့ကြည့်မိတယ်။ ဒါတောင် ရဲရဲမကြည့်ရဲဘူး။ အလိုလို ခေါင်းလှည့်မိသွားသလိုမျိုး ပုံဖမ်းထားလိုက်တယ်။ ဘေးကလူတွေကလည်း တစ်ယောက်မှ ကျွန်တော့်အခက်အခဲကို သိပုံမရဘူး။ အားကိုးရမယ့်ပုံမျိုးလည်း မတွေ့မိဘူး။ ကလေးလေးတစ်ယောက်ကပဲ ကျွန်တော့်ကိုမျက်လုံးဝိုင်းလေးနဲ့ လှမ်းကြည့်နေတယ်။
နောက်ဆုံးတော့ ကိုယ့်အားကိုယ်ကိုးရမှာပဲဆိုပြီး ပြောဖို့ပါးစပ်ဟလိုက်တယ်။ ကံကလည်း ဆိုးလွန်းတယ်။ အဲဒီအချိန်ကျမှပဲ ဗာဒံသီးက စားပွဲပေါ်တည့်တည့်ကြွေကျတယ်။ ပြုတ်ကျတဲ့အသံလည်းကြားရော သူက ယောင်ပြီးဆဲ တော့တာပဲ။ ကျွန်တော်က တအားကိုရှက်ပြီး ပူထူသွားတယ်။ သူကတော့ သူမဆဲတဲ့ပုံနဲ့ ပြုံးဖြီးဖြီးကြီးလုပ်လို့။ အပေါ် ကသစ်ပင်ကိုမော့ကြည့်ပြီး စဉ်းစားချင်ယောင်ဆောင်လိုက်သေးတယ်။ ကျွန်တော်က ရှက်ရှက်နဲ့ဘေးကလူတွေကို ကြည့်တော့ သူတို့က ကျွန်တော့်ကို ဝိုင်းကြည့်နေကြတယ်။ လှောင်တဲ့လူနဲ့ တီးတိုးပြောတဲ့လူနဲ့။ သူတို့က ညစ်ညစ် ပတ်ပတ်တွေယောင်တာ ကျွန်တော်လို့ထင်နေလားမသိဘူး။ ရှပ်အင်္ကျီအဖြူနဲ့ခပ်၀၀လူကြီးကိုတော့ သူတို့ထင်မှာ မဟုတ်ဘူးလေ။ ကျွန်တော်မလုပ်ပေမယ့်လည်း သူလုပ်ခဲ့တာဟာကို တာဝန်ယူပေးရတာကိုပဲ ဂုဏ်ယူသင့်ပါတယ်လို့ ဖြေသိမ့်ပြီး တွေးလိုက်ရတယ်။ ရှက်တာကတော့ မပြေနိုင်ဘူး။ မျက်နှာတွေလည်း နီရဲလို့ပဲနေမှာ။ အဲဒါနဲ့ပဲ ယောင် တာက ကျွန်တော်ပါလို့ အားလုံးကဆုံးဖြတ်လိုက်ကြမှာလေ။ သူကတော့ ပြုံးစိစိလုပ်နေတာကိုး။ ဘာကိုသဘောကျ နေမှန်းမသိဘူး။ ကျွန်တော်ရှက်သွားတာကို မဖြစ်ပါစေနဲ့လို့ပဲ ဆုတောင်းရတော့မှာပေါ့။
ကျွန်တော့်သွေးတွေတော့ နည်းနည်းပူထွက်သွားပြီ။ ဒါပေမယ့် ပေါက်ထွက်လာမည့်အချိန် ရောက်ဖို့တော့ နည်းနည်းလိုနေသေးတယ်။ ကျွန်တော် မပြောဖြစ်သေးဘူး။ တင်းခဲ့ရတဲ့ သတ္တိတွေကလည်း ပတ်ဝန်းကျင်က ဝိုင်း ကြည့်တာကို ခံနိုင်ဖို့သုံးလိုက်ရတာနဲ့တင် ကုန်သွားပြီ။ ခဏလောက်နဲ့တော့ မထူးပါဘူးဆိုပြီး ကျွန်တော်ရေနွေးပဲ မော့သောက်နေမိတယ်။ အိမ်ပြန်မရောက်ခင် ဆီး တအားမသွားချင်လာဖို့ကိုတော့ မကာကွယ်နိုင်တော့ဘူး။ ဆုတောင်းဖို့ပဲကျန်တော့တယ်။
သူက စီးကရက်ကို မီးမငြှိမ်းပဲ လွှတ်ပစ်လိုက်တယ်။ တကယ်ဆို ခြေထောက်နဲ့နင်းချေတာပဲဖြစ်ဖြစ်၊ ရေထဲ နှစ်လိုက်တာပဲဖြစ်ဖြစ် လုပ်လို့ရနေရက်နဲ့လေ။ ဒီအတိုင်းလွှတ်ပစ်တော့ မီးထလောင်မှာကြောက်ရတယ်။ သစ်ရွက်ကြွေ တွေလည်း ရှိနေတယ်လေ။ ခုနေ အဲဒီအနားမှာရှင်းနေပေမယ့် ခဏနေလေတိုက်လာရင် သစ်ရွက်ခြောက် တစ် ရွက်ရွက်ရောက်လာနိုင်တာပဲ။ သွားပြီ၊ အဲ ဒီသစ်ရွက်ကိုမီးစွဲပြီး လေနဲ့လွင့်သွားဆို၊ မီးကပျံ့ရောပေါ့။ ရေနွေးအကျန်နဲ့ လှမ်းပက်လိုက်ရမလား စဉ်းစားမိပေမယ့် ဒါက သိပ်သိသာလွန်းတော့ စွန့်လွှတ်လိုက်ရတယ်။ တခြားတစ်ယောက် ယောက်လည်းမြင်နိုင်တာပဲလို့ တွေးပစ်လိုက်တယ်။
အချိန်ရောက်လာပြီထင်တယ်။ သူ ရေနွေးခွက်ကိုမော့အပြီး ပါးစပ်ထဲမှာ ရေနွေးရှိနေတုန်းမှာပဲ လက်က လည်း ခွက်ကိုမလွှတ်သေးခင်မှာပြောလိုက်တယ်။
“ပြန်ရအောင်လေ”
အသံကလည်း လေချဉ်တက်လာတဲ့အသံမျိုး။ ပြေလျော့သွားပေမယ့် မသတီစရာအတော်ကောင်းတယ်။ သူက မျက်လုံးကြီးပြူးကြည့်တော့ ကျွန်တော်လန့်သွားတယ်။ ပြောပြီးမှတော့ မထူးဘူးဆိုပြီး ခပ်တင်းတင်းပဲ ပြန်စိုက် ကြည့်နေလိုက်တယ်။ သူ ပါးစပ်တောင်မဟနိုင်သေးခင်မှာပဲ မီးခိုးငွေ့တွေလို လုံးခနဲ သူပျောက်သွားတယ်။ ကျွန်တော် အားပါးတရကြီးပြုံးမိတယ်။ ရှင်းမယ်ဟေ့လို့ စားပွဲထိုးကိုလှမ်းခေါ်လိုက်တော့ ကျွန်တော်မှင်တက်မိသွားတယ်။ ထွက် လာတဲ့အသံက သူ့အသံနဲ့ ချွတ်စွပ်။ ပိုက်ဆံရှင်းဖို့ အင်္ကျီအိတ်ကပ်ကိုနှိုက်ပြီးပေးလိုက်တယ်။ မဟုတ်ဘူးလေ၊ ငါ တီရှပ် ဝတ်ထားတာလို့တွေးနေမိပေမယ့် ပိုက်ဆံတချို့ ကျွန်တော့်လက်ထဲပါလာတယ်။ မျက်ဝန်းရဲ့ အောက်ဘက်ထောင့် မှာလည်း အဖြူရောင်တွေကိုမြင်နေရတယ်။ ကျွန်တော် ဘာမှမပြောချင်တော့အောင်၊ မပြောနိုင်တော့အောင်ကို ဖြစ် သွားတယ်။ ဒီအတိုင်းပဲ ထပြန်လာလိုက်တယ်။
ဆေးလိပ်မီးကရဲနေတုန်းဆိုတာကို ကျွန်တော်တွေ့လိုက်တယ်။ ကိစ္စမရှိဘူူး။ တစ်ခုခုဖြစ်ရင် ရေနွေးခွက်က လက်ဗွေရာနဲ့ သူတို့လိုက်ရှာလိမ့်မယ်။ အဲဒါဆိုလည်း အေးတာပဲ။ ခုလောလော ဆယ်မှာတော့ ပူလောင်အိုက်စပ်နေလို့ လေကို တိုက်ခိုင်းလိုက်တယ်။ ဖုန်တွေလွင့်လာပါစေဦး၊ ကိစ္စမရှိဘူးလို့ ကျွန်တော်တိုးတိုးလေးပြောလိုက်မိတယ်။
ခရမ်းသစ်အိမ်

Comments
Post a Comment